imo-နိုင်ငံတကာဖုန်းနှင့် ချတ် icon

imo-နိုင်ငံတကာဖုန်းနှင့် ချတ် Verified icon

2023.03.1071 for Android
4.1 | 1,000,000,000+ ထည့်သွင်းရန် | သုံးသပ်ချက်မျာ

imo.im

၏ဖော်ပြချက် imo-နိုင်ငံတကာဖုန်းနှင့် ချတ်

Imo သည် ရိုးစင်းမြန်ဆန်ပြီး အခမဲ့သော နိုင်ငံတကာ ဗီဒီယိုခေါ်ဆိုမှုနှင့် ချက်ချင်းရောက်မက်ဆေ့(ချ်)ပို့အက်(ပ်)ဖြစ်သည်။ လိုင်းမကောင်းသောကွန်ရက်၌ပင် ကမ္ဘာအနှံ့ရှိ မိတ်ဆွေများ၊ မိသားစုများနှင့် လွယ်ကူမြန်ဆန်စွာ စာပို့ခြင်း၊ အသံမက်ဆေ့(ချ်) သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်လိုက်ပါ။
ကမ္ဘာအနှံ့ နိုင်ငံတကာဖုန်းခေါ်ဆိုမှု - မိတ်ဆွေများ၊ မိသားစုများနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများ အခမဲ့ပြုလုပ်ပါ။ နိုင်ငံတကာမက်ဆေ့(ချ်)များပို့ရန် ငွေပိုမပေးရပါ။ ကမ္ဘာအနှံ့ရှိ မိတ်ဆွေများ၊ မိသားစုများနှင့် အလွန်ကြည်လင်ပြီး HD အရည်အသွေး ချက်ချင်းရောက်မက်ဆေ့(ချ်)များနှင့် အသံခေါ်ဆိုမှုများ သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်လိုက်ပါ။
imo ကို ဘာကြောင့်သုံးသင့်သလဲ။
ကွန်ရက်အားလုံးနှင့် သုံးနိုင်သည် - 2G၊ 3G၊ 4G* သို့မဟုတ် Wi-Fi နှင့် အကန့်အသတ်မရှိ အခမဲ့ ချက်ချင်းရောက်မက်ဆေ့(ချ်)များနှင့် အသံခေါ်ဆိုမှုများ သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ။ 2G ကွန်ရက်၌ပင် ခိုင်မာတည်ငြိမ်သော ခေါ်ဆိုမှုများ။ SMS နှင့် ဖုန်းခေါ်စရိတ်များကို ရှောင်နိုင်သည်။ မက်ဆေ့(ချ်)တိုင်း၊ ခေါ်ဆိုမှုတိုင်းအတွက် ငွေမလို စာရင်းသွင်းရယူရန်မလိုပါ။
မာတီမီဒီယာ - ဓာတ်ပုံနှင့် ဗီဒီယိုအမြန်မျှဝေစနစ်ဖြစ်ပြီး အသံမက်ဆေ့(ချ်)များ သို့မဟုတ် စာရွက်စာတမ်းအမျိုးအစားမရွေး (.DOC၊ .MP3၊ .ZIP၊ .PDF စသည်) တို့ကိုလည်း ပို့နိုင်သည်။
စက်အားလုံးတွင် သုံးနိုင်သော အက်(ပ်)များ - imo မက်ဆင်ဂျာကို Android၊ iOS၊ Windows နှင့် MacOS တို့တွင် အပြည့်အဝ သုံးနိုင်သည်။ ဒတ်စတော့ သို့မဟုတ် Android တက်ဘလက်မှ မက်ဆေ့(ချ်)အားလုံးကို ကြည့်နိုင်ပြီး ခေါ်ဆိုမှုများပြုလုပ်ကာ အခြားမီဒီယာများကိုလည်း တိုက်ရိုက်မျှဝေနိုင်သည်။
ဒေတာသုံးစွဲမှုနည်းသည် - ဒေတာလမ်းကြောင်းအသုံးပြုမှုကို ထိရောက်စွာ အဆင့်မြှင့်ထား၍ ဒေတာသုံးစွဲမှုလျော့နည်းပြီး ငွေပိုသက်သာနိုင်သည်။
စိတ်ကြိုက်ပရိုဖိုင် - ရာပေါင်းများစွာသော အမိုက်စားအဗာတာများ၊ တေးဂီတသင်း(မ်)များနှင့်နောက်ခံပုံများကို ရွေးပြီး စိတ်ကြိုက်ပရိုဖိုင်နှင့် မိမိကိုယ်ကိုယ်ဖော်ပြနိုင်သည်။
အဆက်အသွယ်များကို အမြန်ရှာဖွေပါ - imo သို့ ဖုန်းနံပါတ်တစ်ခုတည်းနှင့် အကောင့်ဝင်နိုင်ပြီး အသုံးပြုသူအမည် သို့မဟုတ် PIN နံပါတ်များကို အပိုမှတ်ထားရန်မလိုပါ။ မိတ်ဆွေများ၊ မိသားစုများနှင့် အမြန်ချိတ်ဆက်ရန် သင့်လိပ်စာစာအုပ်ကို သုံးနိုင်သည်။
ကလောက်အခြေပြု - မက်ဆေ့(ချ်)မှတ်တမ်းနှင့် ဖိုင်အားလုံးကို imo ကလောက်နှင့် လုံခြုံစွာ ဆင့်(ခ်)လုပ်နိုင်၍ ဖုန်းတွင်နေရာမယူပါ။ အက်(ပ်)ကို ပိတ်ထားစဉ်၌ပင် အသိပေးချက် သို့မဟုတ် မက်ဆေ့(ချ်) တစ်ခုမျှ ဘယ်တော့မျှ မလွတ်ပါ။
imo Out သုံးပြီး လိုင်းဖုန်းများ သို့မဟုတ် မိုဘိုင်းဖုန်းများသို့ နိုင်ငံတကာဖုန်းခေါ်ဆိုမှုများကို ဈေးသက်သာစွာ ပြုလုပ်နိုင်သည်။ imo Out သည် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများအတွက် သာမန်ဖုန်းလိုင်းကုမ္ပဏီများနှင့် ယှဉ်လျှင် ဈေးသက်သာသည်။ ခေါ်ဆိုမှုတစ်ခုစီအတွက် ဈေးကြီးပေးရန် သို့မဟုတ် စာရင်းသွင်းရယူရန် မလိုတော့ပါ။
အခြားအင်္ဂါရပ်များ - imo ဂရုကြီး၊ imo ဇုံများ၊ imo တိုက်ရိုက်လွှင့်၊ imo ဗီဒီယိုနှင့် အခြားအင်္ဂါရပ်များစွာ ထပ်လာပါမည်။
*ဤအက်(ပ်)တွင် ဒေတာကုန်ကျစရိတ် ရှိနိုင်သည်။ အသေးစိတ်သိနိုင်ရန် ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ပါ။ တရားဝင် ဝက်ဘဆိုက် - https://imo.im/

ဘာအသစ်လဲ imo-နိုင်ငံတကာဖုန်းနှင့် ချတ် 2023.03.1071

- network improvements
- call improvements

သတင်းအချက်အလက်

  • အမျိုးအစား:
    ဆက်သွယ်မှုများ
  • နောက်ဆုံးမူကွဲ:
    2023.03.1071
  • အပ်ဒိတ်လုပ်ပြီး:
    2023-03-20
  • အရွယ်:
    80.9MB
  • Android လိုအပ်သည်:
    Android 5.0 or later
  • ဆော့ဖ်ဝဲရေးသားသူ:
    imo.im
  • ID:
    com.imo.android.imoim
  • Available on:
  • imo-International Calls & Chat
    imo-International Calls & Chat 2023.02.3031
    80.3MB
    2023-03-02
    APK
    Picture
  • imo-International Calls & Chat
    imo-International Calls & Chat 2023.01.1071
    77.5MB
    2023-02-02
    APK
    Picture
  • imo-International Calls & Chat
    imo-International Calls & Chat 2023.01.1031
    77.5MB
    2023-01-12
    APK
    Picture
သုံးသပ်ချက်မျာ
  • avatar
    wonderful app I love it
    2022-09-05 05:26
  • avatar
    မြလိုး
    2022-08-18 09:34
  • avatar
    Imo ကြောင့်စော်ရခဲ့ပီ
    2022-08-08 12:44
  • avatar
    ဂျလန်း
    2022-08-07 06:11
  • avatar
    Very good
    2022-08-05 04:37
  • avatar
    မသိဖူးသူံးက်ိမယ္😁
    2022-08-04 07:02