Live Transcribe icon

Live Transcribe Verified icon

6.4.531132421 for Android
3.8 | 500,000,000+ ထည့်သွင်းရန် | သုံးသပ်ချက်မျာ

Research at Google

၏ဖော်ပြချက် Live Transcribe

Live Transcribe & Sound Notifications သည် နားမကြားသူ၊ နားလေးသူများအတွက် Android ဖုန်း အသုံးပြုရုံဖြင့် စကားသံနှင့် ဝန်းကျင်အသံများ ပိုကြားရအောင် လုပ်ပေးသည်။
ဖုန်းအများစုတွင် ဤအဆင့်များဖြင့် Live Transcribe & Sound Notifications ကို တိုက်ရိုက်သုံးနိုင်သည်-
၁။ သင့်စက်၏ ဆက်တင်များအက်ပ် ဖွင့်ပါ။
၂။ ‘အများသုံးနိုင်မှု’ တို့ပါ။ ပြီးလျှင် စတင်လိုသည့် အက်ပ်ပေါ်မူတည်၍ Live Transcribe (သို့) ‘အသံ အကြောင်းကြားချက်များ’ တို့ပါ။
၃။ ‘သုံးနိုင်မှုခလုတ်’၊ လက်ဟန် (သို့) အမြန် ဆက်တင်များသုံးပြီး (
https://support.google.com/accessibility/android/answer/7650693
) Live Transcribe (သို့) ‘အသံ အကြောင်းကြားချက်များ’ စတင်နိုင်သည်။
အသံ အကြောင်းကြားချက်များ-
• အိမ်၌ဖြစ်နေသော အသံများကို အခြေခံ၍ ဖြစ်နိုင်ခြေရှိသည့် အန္တရာယ် (သို့) ကိုယ်ရေးကိုယ်တာ အခြေအနေများကို အကြောင်းကြားနိုင်သည် (ဥပမာ- မီးခိုးသတိပေးသံ၊ ဥဩဆွဲသံ၊ ကလေးငိုသံ)။
• သင်၏မိုဘိုင်းစက်ကိရိယာ (သို့) ဝတ်ဆင်ပစ္စည်းတွင် ဖလက်ရှ်မီး (သို့) တုန်ခါမှုဖြင့် အကြောင်းကြားချက်များ ရယူနိုင်သည်။
• ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သွားသည်များကို မြင်ရရန် အချိန်မှတ်တမ်းမြင်ကွင်း သုံးပြီး မှတ်တမ်းပြန်ကြည့်နိုင်သည် (လောလောဆယ် ၁၂ နာရီအထိ ကန့်သတ်ထားသည်)။
အချိန်နှင့်တစ်ပြေးညီ စာသားမှတ်တမ်း-
• အချိန်နှင့်တစ်ပြေးညီ ရေးသားပေးသည်။ စကားပြောသည့်အခါ ဖုန်းပေါ်တွင် စာသားပေါ်သည်။
• ဘာသာစကားနှင့် ဒေသိယစကား ၈၀ ကျော်မှ ရွေးပြီး ဘာသာစကားနှစ်ခုအကြား အမြန်ပြောင်းနိုင်သည်။
• အမည် (သို့) အိမ်သုံးပစ္စည်းများကဲ့သို့ မကြာခဏသုံးသည့် စိတ်ကြိုက်စကားလုံးများ ထည့်နိုင်သည်။
• တစ်စုံတစ်ယောက်က သင့်အမည်ကိုပြောသည့်အခါ ဖုန်းတုန်ခါရန် သတ်မှတ်နိုင်သည်။
• သင့်စကားဝိုင်းတွင် တုံ့ပြန်မှုများကို စာရိုက်နိုင်သည်။ ဖုန်း၏ကီးဘုတ်ကို ဖွင့်ပြီးလည်း စာဆက်ရိုက်နိုင်သည်။ စာရိုက်နေစဉ် စာသားမှတ်တမ်းများ ပြနေဦးမည်။
• ပတ်ဝန်းကျင်ရှိ အသံကျယ်မှုနှင့် ယှဉ်၍ စကားပြောသူ၏ အသံအတိုးအကျယ်ကို ကြည့်နိုင်သည်။ စကားပြောသည့်အခါ အသံအတိုးအကျယ် ညှိရန် ဤအသံအညွှန်းကို သုံးနိုင်သည်။
• အသံလက်ခံမှု ပိုမိုကောင်းမွန်စေရန် ကြိုးတပ် မိုက်ခွက်ပါနားကြပ်များ၊ ဘလူးတုသ် မိုက်ခွက်ပါနားကြပ်များနှင့် USB မိုက်များတွင်ပါသော ပြင်ပမိုက်ခရိုဖုန်းများ သုံးနိုင်သည်။
စာသားမှတ်တမ်းကို ပြန်ကိုးကားခြင်း-
• စာသားမှတ်တမ်းများကို ၃ ရက်ကြာ သိမ်းရန် ရွေးချယ်နိုင်သည်။ သိမ်းထားသော စာသားမှတ်တမ်းများ စက်ပေါ်တွင် ၃ ရက်ကြာ ရှိမည်ဖြစ်၍ ၎င်းတို့ကို အခြားတစ်နေရာတွင် မိတ္တူကူးပြီး ထည့်နိုင်သည်။ (မူရင်းအနေဖြင့် စာသားမှတ်တမ်းများကို မသိမ်းပါ။)
• သိမ်းထားသော စာသားမှတ်တမ်းများတွင် ရှာနိုင်သည်။
• မိတ္တူကူးပြီးထည့်ရန် ၎င်းရှိ စာသားကိုထိ၍ ဖိထားနိုင်သည်။
သတ်မှတ်ချက်များ-
• Android 6.0 (Marshmallow) နှင့် အထက်။
ယူအက်စ်ရှိ နားမကြားသူ၊ နားလေးသူများ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်သော Gallaudet တက္ကသိုလ်နှင့် ပူးတွဲ၍ Live Transcribe & Sound Notifications ကို ထုတ်လုပ်ထားသည်။
အကြံပြုချက်ပေးရန်နှင့် ထုတ်ကုန်အပ်ဒိတ်များ ရယူရန်
https://groups.google.com/forum/#!forum/accessible
တွင်ပါဝင်နိုင်သည်။ Live Transcribe & Sound Notifications ဆိုင်ရာ အကူအညီအတွက်
https://g.co/disabilitysupport
တွင် ကျွန်ုပ်တို့ကိုဆက်သွယ်နိုင်သည်။
ခွင့်ပြုချက်များဆိုင်ရာ သတိပေးချက်
မိုက်ခရိုဖုန်း- Live Transcribe သည် သင့်ပတ်ဝန်းကျင်ရှိ စကားသံကို ရေးသားရန် မိုက်ခရိုဖုန်းသုံးခွင့် လိုအပ်သည်။ စာသားမှတ်တမ်း လုပ်ပြီးသည့်အခါ အသံကို သိမ်းမထားပါ။ ‘အသံ အကြောင်းကြားချက်များ’ သည် သင့်ပတ်ဝန်းကျင်ရှိ အသံများကို နားထောင်ရန် မိုက်ခရိုဖုန်းသုံးခွင့် လိုအပ်သည်။ လုပ်ဆောင်ချက်ပြီးဆုံးသည့်အခါ အသံကိုလည်း သိမ်းမထားပါ။
အများသုံးနိုင်ရန် ဝန်ဆောင်မှု- ဤအက်ပ်သည် အများသုံးနိုင်ရန် ဝန်ဆောင်မှုဖြစ်သည့်အတွက် သင့်လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာနိုင်သည်။

သတင်းအချက်အလက်

  • အမျိုးအစား:
    ဆက်သွယ်မှုများ
  • နောက်ဆုံးမူကွဲ:
    6.4.531132421
  • အပ်ဒိတ်လုပ်ပြီး:
    2023-03-22
  • အရွယ်:
    25.5MB
  • Android လိုအပ်သည်:
    Android 6.0 or later
  • ဆော့ဖ်ဝဲရေးသားသူ:
    Research at Google
  • ID:
    com.google.audio.hearing.visualization.accessibility.scribe
  • Available on:
  • Live Transcribe & Notification
    Live Transcribe & Notification 6.2.490154290
    22.3MB
    2022-12-05
    APK
    Picture
  • Live Transcribe & Notification
    Live Transcribe & Notification 6.2.487899084
    22.6MB
    2022-11-16
    APK
    Picture
  • Live Transcribe & Notification
    Live Transcribe & Notification 6.0.473258425
    22.4MB
    2022-09-16
    APK
    Picture
သုံးသပ်ချက်မျာ
  • avatar
    Okay
    2022-05-09 05:20
  • avatar
    အသုံးပြုပြီးမှ့ပိုကောင်းပါတယ်
    2022-04-05 03:17
  • avatar
    အားလုံးကုန်မဂ်ါလာပါ
    2022-04-02 04:21
  • avatar
    good
    2022-02-28 05:55
  • avatar
    Good app perfect
    2022-01-26 05:58
  • avatar
    Good
    2021-12-26 08:08